စာရေးသူ

အားလုံးမြင်နိုင်ရန်
Anne Cetas

အဲန်းစီထက်စ်

အဲန်းစီထက်စ် (Anne Cetas)သည် လူငယ်ဘဝ၌ သခင်ခရစ်တော်နောက်လိုက်ဖြစ် ခဲ့သည်။ သူငယ်ချင်းတစ်ဦးက သမ္မာကျမ်းစာ အမြဲဖတ်ဖို့ရန် သူမကို Our Daily Bread စာအုပ်တစ်အုပ် ပေးခဲ့သည်။ ခေါင်းစဥ်အလိုက် လေ့လာနိုင်သည့် Discovery Series စာအုပ်များကိုလည်း ဖတ်ရှုလေ့လာခဲ့သည်။ နှစ်အတန်ကြာပြီးနောက် စာစစ်သူတစ်ဦးအနေနှင့် Our Daily Bread ၏ အယ်ဒီတာအဖွဲ့တွင် ပါဝင်ဆက်ကပ်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှစ၍ Our Daily Bread အတွက် စာမူများရေးသားခဲ့သည်သာမက စီမံ/အယ်ဒီတာ အဖြစ်လည်း ဆက်လက်တာဝန်ယူလျက်ရှိသည်။ ဆရာမနှင့်ခင်ပွန်း ဆရာ ခါးလ် (Carl) တို့သည့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းကို နှစ်သက်ပြီး မူကြိုကျောင်းများနှင့် ခိုလှုံရာမဲ့သူများကယ်ဆယ်ရေး သာသနာလုပ်ငန်းတစ်ခုတွင် အစေခံ နေကြပါသည်။

စာမူ/ အကြောင်းအရာ များ အဲန်းစီထက်စ်

ရင်းနှီးမြုပ်နှံမှုအတွက် အကြံပေးချက်

“သင့်အနာဂတ်အတွက် အမြော်အမြင်ရှိရှိ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် သင့်ကို ကူညီချင်ပါ သည်” ဟု ပင်စင်ရံပုံငွေနှင့် 401(k)s ရင်းနှီးမြုပ်နှံမှု ဟောပြောပွဲ၌ ဘဏ္ဍာရေးအကြံပေးပုဂ္ဂိုလ်မှ ပြောခဲ့ခြင်းဖြစ်သည်။ ထိုအကြံပေးပုဂ္ဂိုလ်က လာရောက်နားထောင်သူများအား စီးပွားရေး အတက် အကျများ ဖြစ်နေသော်လည်း စတော့ဈေးကွက်၌ ငွေကြေးများကို ဆက်၍ရင်းသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နောက်ဆုံး၌ သမိုင်းတွင်မည့် ကောင်းမွန်သော အမြတ်အစွန်းကို ပြန်လည်ရရှိမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုနည်းတူပင် ကျွန်ုပ်တို့၏၀ိညာဉ်ရေးရာအနာဂတ်အတွက် အမြော်အမြင်ရှိစွာဖြင့် ရင်းနှီး မြုပ်နှံရန် ဘုရားသခင် အလိုရှိသည်။ ဘ၀၏အတက်အကျ အခြေအနေများ၌လည်း ကျွန်ုပ်တို့၏ အကျင့်စရိုက်နှင့်စပ်ဆိုင်သည့် ၀ိညာဉ်ရေးရာကို ဆက်လက်၍ ရင်းနှီးမြုပ်နှံ ပျိုးထောင်သင့်သည်။ တမန်တော်ပေတရုမှ ကျွန်ုပ်တို့အား ကိုယ်ကျင့်တရား မြင့်မားအောင် လုံ့လ၀ီရိယဖြင့် ကြိုးစားရန် မိန့်မူထားသည် (၂ ပေ ၁း၅-၁၁)။ ခရစ်တော်ကို ယုံကြည်ပြီး ကယ်တင်ခြင်းရရှိပြီးနောက်ပိုင်း၌ ကျွန်ုပ်တို့၏အကျင့်အကြံ၌ ယုံကြည်ခြင်း၊ အကျင့်သီလ၊…

ကားတိုင်တော်ဆီသို့ပြေးပါ

ဟာဝိုင်ယီကျွန်းမြောက်ပိုင်း ကမ်းရိုးတန်းဒေသတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်တိုင်း ဟာန အရပ်၌ နေထိုင်ကြသူများမှာ ဘေးအန္တရာယ်ကင်းလွတ်ရာ ကုန်းမြင့်ပိုင်းတောင်ပေါ်သို့ အလျင်အမြန် ပြေးကြရ၏။ ထိုအနီးတွင် နှစ်ပေါင်းများစွာက သာသနာပြုများ စိုက်ထူထားသည့် သစ်သားကားတိုင် အမြင့်ကြီးတစ်ခုရှိပါသည်။ လူတို့သည် သူတို့၏ရုပ်ခန္ဓာ ဘေးလွတ်လုံခြုံမှုအတွက် ထိုကားတိုင်စိုက်ထူ ထားရာနေရာသို့ ပြေးကြလေသည်။

ထိုနည်းတူစွာပင် ၀ိညာဉ်ရေးလုံခြုံမှုကိုပေးမည့် နေရာတစ်ခု ကျွန်မတို့အားလုံး လိုအပ်သည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်၌ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရား သခင်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရော ၃း၂၃)၊ အပြစ်တရား၏အခကား သေခြင်းပေတည်း (ရော ၆း၂၃) ဟု သတိပေးထားပါသည်။ ဟေဗြဲ ၉း၂၇ တွင် “လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူခြင်းကို ခံရ၏”ဟု ဖော်ပြထားသည်။ သန့်ရှင်းတော်မူသော ဘုရားသခင်ကို မျက်နှာချင်းဆိုင် ဖူးတွေ့သောအခါ မိမိတို့၏အပြစ်အတွက် နောက်ဆက်တွဲရလဒ်ဘာဖြစ်မည်ကို ကျွန်ုပ်တို့ မစဉ်းစားလို။…

နေရာမျှဝေခြင်း

မိမိတို့နေအိမ်၏ အဝေးတစ်နေရာ၌ စီးပွားရေးလုပ်ကိုင်နေသူဦးရေမှာ သန်းနှင့်ချီရှိသည်။ တစ်ဦး တည်း အလုပ်လုပ်ရသည်ကို အထီးကျန်ဆန်လှသည်ဟု အချို့က တွေးမိသည်။ ထိုသို့သောသူများ အတွက် ၀န်းကျင်အသိုက်အ၀န်း အငွေ့အသက်ရှိစေမည့် “နေရာစပ်တူလုပ်ငန်း”ဖြစ်ပေါ်လာပါ၏။ အဆောက်အဦကြီးတစ်ခုတွင် နေရာငှားရမ်းပေးပြီး ထိုတစ်နေရာတည်းတွင် အခြားသူများနှင့် မျှဝေကာ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်ကြပါပြီ။ မိမိကိုယ်ပိုင်အလုပ်ခွင်၌ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အခြား ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်သူတစ်ဦးချင်းနှင့် အတွေးအခေါ်များကို ဖလှယ်နိုင်ကြသည်။ ဤသည်မှာ မိမိတစ်ဦး တည်း လုပ်ကိုင်ခြင်းထက် အတူတကွ ပူးပေါင်းလုပ်ကိုင်ပါက ပိုကောင်းနိုင်သည်ဟု ခံစားရသူများ အတွက်ဖြစ်သည်။

တစ်ခါတစ်ရံ ခရစ်ယာန်များသည် တစ်ကိုယ်တော် လုပ်ခြင်းက ပိုအလုပ်တွင်သည်ဟု ထင်ကြ သည်။ သို့ရာတွင် အသင်းတော်၌ အခြားသူများနှင့်အတူတကွ လုပ်ဆောင်ရန်ရှိပါ၏။ “ခရစ်တော်၏ ကိုယ်ခန္ဓာတော်”၌ ခရစ်ယာန်တိုင်းကို နေရာချထားခံရပြီးဖြစ်ပါသည် (၁ ကော ၁၂း၂၇)။ ထို့အပြင် ယုံကြည်သူများ ရှိရာ အသင်းတော်တွင် ပါဝင်မိတ်သဟာယဖွဲ့လျက်…

အကောင်းဆုံးကို ရှာဖွေခြင်း

Bible Gateway အမည်ရှိ အွန်လိုင်းကျမ်းစာအရင်းအမြစ်စင်တာသို့ လစဉ်ဝင်ရောက်ကြည့်ရှုသူ နှစ်သန်းခန့်ရှိပြီး ထိုလူများ၏အလေ့အလာကို ဆန်းစစ်ကြည့်ရာ ၂၀၁၀ ခုနှစ်တွင် ၄င်းတို့သည် ယော ၃း၁၆ ကျမ်းပိုဒ်ကို အများဆုံးရှာဖွေကြကြောင်း တွေ့ရှိရသည်။

ထိုကျမ်းပိုဒ်က ထိပ်ဆုံး၌ရှိနေခြင်းသည် အံ့သြဖွယ်ရာဟု ကျွန်တော်မထင်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့အား ချစ်ခင်မြတ်နိုးလှသဖြင့် သူ၏သားတော်ကိုစေလွှတ်ပြီး ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်ကာ ထာဝရအသက်ကိုပေးတော်မူသည်။ လူတို့အရှာဖွေဆုံး ကျမ်းပိုဒ်စာရင်းတွင် သခင်ယေရှုက တပည့်တော် များအား ဧ၀ံဂေလိတရားပျံ့နှံ့ဟောကြားရန် “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ”ဟု မဟာအမှုတော်မြတ်စေစားချက်ကျမ်းပိုဒ် မ ၂၈း၁၉၊ သူ့လူများအတွက် ဘုရားသခင်၏ ကောင်းသော အကြံအစည်နှင့် ရည်ရွယ်ချက်များကို ဖော်ပြထားသော ယေရမိ ၂၉း၁၁ နှင့် ရောမ ၈း၂၈ ကျမ်းချက်များ က နံပါတ် ၁၀ ချိတ်သည်။

ကျမ်းစာ၌ ကျွန်ုပ်တို့ရှာဖွေပြီး ဝေငှနိုင်သည့် သမ္မာတရားများ အပြည့်ရှိသည်။ ဆာလံ ၁၁၉…